သူများကို ကျွေးရင်း ကိုယ်ပါစားမိတယ်....။

ဘယ်သူပြောလဲ.... မာယာတွေခါးတယ်လို့...။

လိမ်နေတဲ့လူကို အပြစ်ပေးတာမှ မဟုတ်တာ

လိမ်တာမိတဲ့လူကို အပြစ်ပေးတာ.......။ 

လောကကြီးရဲ့ ဥပဒေသ...

လေးစားပြနေစရာ သိပ်မကောင်းဘူး.......။

 

ရယ်ရင်းနဲ့ ငိုခဲ့တယ်....ပြုံးရင်းနဲ့ မဲ့ခဲ့တယ်.....။

ချစ်ရင်းနဲ့မုန်းခဲ့တယ်..... လွမ်းရင်းနဲ့ မေ့ခဲ့တယ်....။

တစ်ခါတစ်ရံတော့ အဖြူရောင်လေးကို 

ပြန်လွမ်းမိပါတယ်.....။

 

ငါဟာပြုံးနေတဲ့ ပင်လယ်တစ်စင်း.....

ငါ့ကိုဖမ်းမိသူတော့ နည်းနည်း ငန်ကျိကျိဖြစ်မယ်.....။

သူများကိုပစ်ဖို့ ကိုယ့်ကိုကိုယ် 

မြနေအောင်သွေးထားတာ......။

တမင်တော့ မရည်ရွယ်ပါဘူး.....

 

ကဲ.....ကြိုးတစ်ချောင်းလောက် ကမ်းစမ်းပါ......။

ကိုယ်မာယာကို ကြိုးချည်ပြီး သိမ်းထားချင်လို့...

ရိုးသားချင်ပါတယ်ဆိုမှ အရောင်တွေများမိတယ်...။

 

မယုံကြည်တော့ဘူးတဲ့...ရပါတယ်.....

ငါကလည်း... ယုံကြည်မှုကို 

ယုံကြည်တတ်ရင် အကောင်းသား......။

 

သူများကိုကျွေးရင်း ကိုယ်ပါစားမိခဲ့တာ

ဘယ်သူပြောလဲ..................

မာ....ယာ.....တွေ....ခါး.......တယ်........လို့   ၊၊       ၊၊

                                                                        ပိုးဥ

0 Comments:

Post a Comment