ဝင်္ကဘာမဲ့ အိပ်စက်ခြင်း...

တခါတလေ သတိရခြင်းတွေနဲ့ ပဲ …မွန်းကျပ်နေရတယ်…
နင်နဲ့ ငါ မလျှောက်ဖြစ်တဲ့ ငါနဲ့ နင်ရဲ့ လမ်းတွေ အကြောင်းပြန်တွေးဖြစ်တယ်…

ဒါဟာ အိပ်မက်မဟုတ်ကြောင်း ငါ့ကိုယ်ငါ အကြိမ်ကြိမ် အခါခါ ပြန်ငြင်းနေလျှက် က
နင်မရှိတော့တဲ့လမ်းမှာ ငါ့ကိုယ်ငါ ပျောက် ပျောက်သွားခဲ့တယ်…
အရင်ကလိုပဲ….
ဒဏ်ရာတွေကို ဒဏ်ရာတွေနဲ့ ပဲ ပြန်မြှောက် …..ဒဏ်ရာတွေကို ဒဏ်ရာတွေနဲ့ ပဲ ပြန်စားရင်း….

မကြာခဏ အိပ်ပေမယ့် ငါတခါမှ အိပ်မပျော်ခဲ့ရပါဘူး… ကွယ်…
စွတ်စွဲချက်တို့ ခါးသီးတဲ့ နင့်နှုတ်ခမ်းပါးတွေကိုမုန်းတီးတယ်…
ငါကိုယ်တိုင် ပြောခဲ့ဖူးသလို….
………………………………………
အတိတ်ဟာ အရိပ်တွေလား….
အတိတ်ဟာ အရိပ်တွေလား……..
အတိတ်တွေဟာ အရိပ်တွေလား…………..ကွယ်…

ဝေခွဲရခက်တဲ့ ပျော့ညံ့ညံ့ စကားလုံးတွေအစား
ငါ့မျက်စိရှေ့ က ဖြူလျော်လျော် ကော်ဖီတခွက်ကိုပဲ မုန်းပစ်လိုက် မိတယ်…
(ဒီမယ် ကော်ဖီတခွက် …နင့်လိုပေါ့ပျက်ပျက် အရာတွေ ငါမုန်းတယ်)
နှုတ်ဖျားမှ ဒီစကားလုံးအစုံ ထွက်ကျပြီးနောက် ဒီနေ့ အချိန် အထိ ငါမှန် မကြည့် ရဲခဲ့ပါ….

ဘယ်ဘတ် ရင်ညွှန့် အောက်က ခပ်စူးစူးဝေဒနာ ကြောင့် အဖြူရောင် ကိုငါမုန်းတယ်…
အိမ်မှာ ခွေးတွေ အများကြီးမွေးတတ်ပြီး လူကိုလူလို မကြည့်တတ်တဲ့ လူတွေကြောင့်
အိပ်ဆေးတွေကို ငါချစ်တယ်…
ဒီမယ်…
နင် ပိုက်ထားတဲ့ဂစ်တာ တလက်ကိုခဏ ဘေးချပြီး ငါ့အိပ်မက်ထဲ ကိုဝင်လာခဲ့စမ်းပါကွယ်….
တကယ်ကို ခဏလေးပါပဲ…
……………………………………….
ငါလဲ ဒီလောက်တော့…… အထူအပါး နားလည်ပါ သေးတယ်…….

အပြာရောင်ဆိုတာ တကယ်တော့ စားကောင်းတဲ့အသီးတခုမှ
မဟုတ်ခဲ့တာပဲ…ကွယ်…….။ ။

0 Comments:

Post a Comment